အထက်မင်းလှ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ နန္ဒဝန်ပန်းခြံနှင့် “ထ”ကန်၊ မြို့နယ်ခန်း၊ စစ္စနို့ကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါပြီး ရုံးရပ်မြောက်ပိုင်းရပ်ကွက်ရှိ၊ နန္ဒဝန်ပန်းခြံနှင့် “ထ”ကန်သာယာလှပရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ မြို့နယ်ခန်းမဝန်းအတွင်း၌ ဂါလံ (၁၀၀၀၀၀)ဆံ့ ရေစစ်ကန် (၇၆’×၃၀’×၁၀’) တည်ဆောက်နေမှုအခြေအနေများ၊ စစ္စနို့ကျေးရွာရှိ ဝါစိုက်တောင်သူ ဦးတင်စိုးပိုင်၏ ယာမြေဧက(၁၀)ဧကပေါ်တွင် စိုက်ပျိုးထားသည့် ငွေခြည်-၁၁(၅)ဧကနှင့် ရွှေတောင်-၈(၅)ဧကစိုက်ခင်းတို့အား ကြည့်ရှုစစ်ဆေးခြင်း၊ ညောင်ပင်သာကျေးရွာရှိ တောင်သူဦးညိုကြီး၏ မြေပဲစိုက်ခင်း(၁.၅)ဧကစိုက်ခင်းတွင် မြေဩဇာကျွေးခြင်း၊ ကြားတိုက်ခြင်းနှင့် သားခွဲခြင်းဆောင်ရွက်နေမှုများ၊ တောင်သူဒေါ် အေးအေးသင်း၏ ယာမြေပေါ်တွင် တွန်တာနီမြေပဲမျိုးစိုက်ပျိုးနေမှုများ၊ မင်းဘူး-မင်းလှလမ်းပေါ်ရှိ အရိပ်ရပင်၊ တမာစိုက်ခင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ တောင်သူများက သီးနှံစိုက်ပျိုးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများအား ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအောင်မြင်စွာကောက်ယူနိုင်ရေး တွေ့ဆုံပွဲကျင်းပခဲ့သည်။ အခမ်းအနားတွင် သရက်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမြတ်သူက လုံခြုံရေးဆောင်ရွက်ပေးမည့်အစီအမံများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ရဲမှူး ကျော်သန်းက မြို့နယ်ရဲတပ်ဖွဲမှ လုံခြုံရေးတာဝန်ချထားမှုများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးပြည့်ဖြိုးအောင်က စာရင်းစစ်၊ စာရင်းကောက်ဆရာ၊ ဆရာမများအား သင်တန်းပေးမှုနှင့် ကောက်ကွက်အလိုက် တာဝန်ချထားမှုများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်က သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး မြို့နယ်အဆင့်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က သန်းခေါင်စာရင်းကောက်ယူမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌက၂၀၂၄ ခုနှစ်၊ လူဦရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် သန်းခေါင်စာရင်းကော်မတီနှင့် လိုအပ်သည်များအား ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေး အထူးဂရုပြုဆောင် ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)