ပွင့်ဖြူ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၈)ကြိမ်မြောက် ကမ္ဘာ့ခွေးရူး ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အိမ်မွေးတိရစ္ဆာန် ခွေးများတွင် ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရေး ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်အတွင်း ခွေးရူးရောဂါ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးရာတွင် ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝေလွင်ဦးနှင့် ဝန်ထမ်းများက အခြေခံကျန်းမာရေး လုပ်သားများနှင့်အတူ ခွေးရူးရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသော ခွေးပိုင်ရှင်များကို ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာများနှင့် ခွေးရူးရောဂါ တိုက်ဖျက်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
ထို့နောက် ဒေါက်တာဝေလွင်ဦးနှင့် ဝန်ထမ်းများပူးပေါင်းအဖွဲ့က ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများ၏ ခွေးရူးကာကွယ်ဆေးထိုးနှံရန် လာရောက်ပြသသော ခွေးကောင်ရေ (၇၅) ကောင်အား ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပြန်/ဆက်)