မင်းလှ စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ် စာရင်းကောက်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီချိန်က မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်းက အမှာစကားပြောကြားပြီး နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးက သန်းခေါင်စာရင်းကောက်ယူရာတွင် တွေ့ကြုံရမည့်အခြေအနေများကို ဆွေးနွေးပြောကြား၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ စာရင်းစစ်/ စာရင်းကောက်များအား ခန့်အပ်လွှာများပေးအပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာ ရပ်ကွက်ကျေးရွာအုပ်စု ၆၆ အုပ်စု၌ ကောက်ကွက်ပေါင်း(၃၉၄) ရှိပြီး၊ စာရင်းစစ်၊ စာရင်းကောက်ယူဦးရေ (၁၅၁)ဦးတို့က အဖွဲ့(၂၈)ဖွဲ့၍ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)