မင်းလှမြို့၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲကျင်းပ

အထက်မင်းလှ  စက်တင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီကခွဲက မင်းလှအခြေခံပညာအထက် တန်းကျောင်းမင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများက လူဦး‌ရေနှင့်အိမ်အကြောင်း  အရာသန်းခေါင်စာရင်း ကောက်ယူရေးကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မင်းလှ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ မြို့နယ်အဆင့် သန်းခေါင်စာရင်း ကောက်ယူရေး သင်တန်းတက်ရောက်ခဲ့ကြသည့် ဆရာ ၊ဆရာမများအား သင်တန်းဆင်းလက်မှတ်များကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာ၊ ဆရာမ(၉)ဦးက သင်တန်းသား၊ သင်တန်းသူ(၁၁၂)ဦးအား စက်တင်ဘာ(၁၇)ရက်နေ့မှ (၂၈)ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို (၂၀၂၄) ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် စတင်ကောက်ယူရာ၌ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၃)အုပ်စု၊ ကောက်ကွက် ပေါင်း(၃၁၁) ကွက်တို့တွင်စာရင်းစစ်(၂၅)ဦး၊ စာရင်းကောက် (၉၆)ဦးတို့က Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။                                                                                                                              

ဇာဇာ(ပြန်/ဆက်)