ညောင်လေးပင်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ညောင်လေးပင် စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် လူထုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ညောင်လေးပင်မြို့ပေါ် ရပ်ကွက်များတွင် ပြည်သူများထံ ဖြန့်ဝေခဲ့သည်။

အဆိုပါ လူထုအသိပညာပေးလက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူရေးသိကောင်းစရာများ၊ သန်းခေါင်စာရင်းတွင်ထည့်ကောက်ရမည့်သူများ၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်၍ ပြည်သူများက စာရင်းကောက်မေးမြန်းမည့် မေးခွန်းများကို မှန်ကန်ပြည့်စုံစွာ ဖြေဆိုနိုင်ရန်နှင့် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ပြည်သူအများ သိရှိထားရမည့်အချက်များ ပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)