ပန်းတောင်း စက်တင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBE) စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ကျောက်ဖူးကျေးရွာအုပ်စု၊ ဘင်္ဂကျေးရွာဘက်စုံသုံးခန်းမ၌ ရန်ပုံငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါရန်ပုံငွေပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးအောင်သူရက အမှာစကားပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းက ရန်ပုံငွေလွှဲပြောင်းပေးခြင်း၊ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ရန်ပုံငွေများလွှဲအပ်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးအောင်သူရ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေနှင်းဦးနှင့် ဌာနဆိုင်ရာအသီးသီးမှ ကျေးရွာပြည်သူများအား ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း ရန်ပုံငွေသိန်း(၃၀၀)ကျပ်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်သူရ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူ (၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)