မင်းလှ စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့်စာရင်း စစ်/ စာရင်းကောက်များက မြေပြင်လက်တွေ့စမ်းသပ်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၇)၊ ပြည်တော်သာရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မင်းလှမြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်သင်တန်း အ.ထ.က မင်းလှ(မြို့ပြင်)ကျောင်းတွင် ဖွင့်လှစ်ပို့ချနေသည့် နည်းပြ(၉)ဦး၊ စာရင်းစစ်၊ စာရင်းကောက်၊ စေတနာ့ဝန်ထမ်း(၁၄၂)ဦး စုစုပေါင်း(၁၅၁) ဦးတို့က အဖွဲ့ခွဲ၍ အိမ်ခြေ(၂၅၀) အိမ်ခန့်အား လက်တွေ့စမ်းသပ်ကွင်းဆင်းကောက်ယူခဲ့ကြသည်။
အဆိုပါလက်တွေ့ကွင်းဆင်းကောက်ယူရာတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်း ရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦး၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)