ဟင်္သာတ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်နှင့် လယ်တီကွင်းရပ်ကွက်များသို့ လက်တွေ့ကွင်းဆင်း၍ သန်းခေါင်စာရင်း ကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် ကောက်ကွက်မြေပုံဖွဲ့စည်းမှု၊ ကောက်ယူရမည့်စနစ်တို့အား စနစ်တကျဖြစ်စေရေးအတွက် မြို့နယ်အဆင့် သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းမှ သင်တန်းသား/သူများက ယနေ့နံနက်ပိုင်းက အဆိုပါနေရာများတွင် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းမှ သင်တန်းသား/သူများ ကွင်းဆင်းစမ်းသပ် လေ့ကျင့်ကောက်ယူခြင်း ဆောင်ရွက်ရာနေရာများသို့ ဟင်္သာတခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်အဆင့်ကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ နည်းပြများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)