အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်ကွင်းဆင်းကောက်ယူ

အိမ်မဲ စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စမ်းသပ်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့် စာရင်းစစ်၊ စာရင်းကောက် (၁၆၆)ဦးတို့နှင့်အတူ မြို့နယ်ရုံးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့​၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှ အိမ်မဲမြို့ပေါ် (၅)ရပ်ကွက်သို့ အစုအဖွဲ့များဖြင့် တပြိုင်တည်း စမ်းသပ်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၂)အုပ်စုရှိပြီး သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့(၃၁)ဖွဲ့မှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းများအား အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့ အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်