သရက်မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

သရက် စက်တင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး သရက်မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက သရက်မူလတန်းကြိုကျောင်းတွင် ကျင်းပရာပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်လူမှုဝန်းထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိမ်းလဲ့ရည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သရက်မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ကြူကြူသင်းက ဉာဏစွမ်းရည်ကျင်းပရခြင်းရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

ထို့နောက် သရက်မူလတန်းကြိုကျောင်းမှ အကြီးအဆင့် သားငယ်သမီးငယ်လေးများက ပုံပြင်ပြောပြိုင်ခဲ့ကြပြီး  သရက်မူလတန်းကြိုကျောင်းမှ အကြီးဆင့် သားငယ်/သမီးငယ်များ၏ တစ်ဦးချင်း ကဗျာရွတ်ဆိုပြိုင်ခဲ့ကြပြီး သရက်မူလတန်းကြိုကျောင်းမှ အငယ်ဆင့် သမီးငယ်လေးများ၏  တစ်ဦးချင်းကဗျာရွတ်ဆိုပြိုင်ပွဲဝင်ခဲ့ကြသည်။ ယင်းနောက် သရက်မူလတန်းကြိုကျောင်းမှ အကြီးဆင့် သားငယ်/သမီးငယ်လေးများ၏ စုပေါင်းသီးချင်းရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ပြီး သရက်မူလတန်းကြို ကျောင်းအငယ်ဆင့်သားငယ်/သမီးငယ်များက စုပေါင်းသီးချင်းရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ကာ ပြိုင်ပွဲများတွင် ဆုရရှိသော သားငယ်/သမီးငယ်လေးများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)