ကျွန်းလှ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားစေရန်အတွက် ရုံးစာရေးသားနည်းသင်တန်း (၂/၂၀၂၄) ကို ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းတွင် ရုံးစာရေးသားနည်းအမျိုးအစားများ၊ ထားသိုပုံစနစ်၊ ရုံးစာရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ လုပ်ငန်းစီမံချက်ရေးဆွဲနည်းတို့ကို သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုံးစာရေးသားနည်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၄) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ (၂၆) ရက်မှ (၂၈) နေ့ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)