ကျောက်တလုံးကြီး စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားလျက်ရှိသော ကျေးရွာများသို့ ကျောက်တလုံးကြီးမြို့ ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း၍ စက်တင်ဘာ ၂၃ ရက်နေ့နံနက် ၁၀ နာရီက စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းခဲ့ကြသည်။
မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင် ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကက္ကူ၊ နားဟီး၊ အသုံးတော်ကျေးရွာအုပ်စုနှင့် ပုန်းအင်းဒေသရှိ ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်၍ ဆန်၊ ကြက်ဥ၊ သောက်ရေသန့်၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း