ငါန်းဇွန်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား စက်တင်ဘာလအတွက် ပင်စင်လစာငွေများ စတင်ထုတ်ပေး

ငါန်းဇွန် စက်တင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ဧပြီလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်း ()နာရီအချိန်ကစတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများက ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်မှ လာရောက်ထုတ်ယူကြရာ ယနေ့မွန်းလွဲ နာရီအထိ ပင်စင်လစာထုတ်ယူသူ အငြိမ်းစားဝန်ထမ်း (၃၀၂) ဦး လာရောက်ထုတ်ယူခဲ့ကြောင်း၊ ပင်စင်လစာများကို မြို့ပြပင်စင်စား၊ ကာကွယ်ရေးပင်စင်စား၊ နိုင်ငံရေးပင်စင်စားများ လာရောက်ထုတ်ယူခဲ့ပြီး မြို့နယ်အတွင်းပင်စင်စားဦးရေ စုစုပေါင်း (၆၅၉)ဦးရှိကြောင်းနှင့် လစဉ် (၂၁) ရက်နေ့နှင့် (ရုံးပိတ်ရက်များမှအပ) ရုံးဖွင့်ရက်များ၌ နံနက် ၆ နာရီမှ နာရီအချိန်အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလအတွင်း အငြိမ်းစားပင်စင်စားဝန်ထမ်းများအား နိုင်ငံတော်မှချီးမြှင့်သော ထောက်ပံ့ငွေ  သုံးသောင်းကျပ်နှင့် တစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ(၈၀၀၀)ကျပ်နှုန်းဖြင့် ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။ နာမကျန်းအငြိမ်းစား ပင်စင်စားများကိုလည်း ပင်စင်လစာ ထုတ်ယူနိုင်စေရန်အတွက် ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ပေးလျက်ရှိပြီး ကိုယ်စားလှယ်ဖြင့်ထုတ်ယူမှု လများလာပါက Video Call ဖြင့် ခေါ်ယူစစ်ဆေး၍ ကိုယ်စားလှယ်ဖြင့် ပင်စင်လစာထုတ်ပေးခြင်း၊ အိမ်တိုင်ရာရောက် သွားရောက်စစ်ဆေး၍ သက်ရှိထင်ရှားရှိကြောင်းမှန်ကန်ပါက ပင်စင်လစာထုတ်ပေးခြင်း၊ ဒစ်ဂျစ်တယ်နည်းဖြင့် Onlineမှ ထုတ်ပေးခြင်းများကို မြန်မာ့စီးပွားရေးဘဏ်မှ အကျိုးဆောင် ပြုလုပ်ပေးလျက်ရှိကြောင်း ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ တာဝန်ရှိသူထံမှ သိရသည်။

ကိုကိုနိုင် (ပြန်/ဆက်)