ငပုတော စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် ယမန်နေ့က ငပုတောမြို့နယ်အလယ်ကျွန်းဒေသ မကျီးပင်ကျေးရွာ၊ ကညင်ငူကျေးရွာ၊ သင်္ဃန်းကုန်းကျေးရွာ၊ ဂွေးချောင်းကျေးရွာ၊ သက္ကာယ်သောင် ကျေးရွာအုပ်စု(၅)စုတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်သော အဟာရဓာတ်များ ရရှိစေရေးတို့အတွက် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်မျိုးစေ့မျာကို လမ်းဘေး ဝဲ / ယာများ တာဘောင်များပေါ်၌ တာဝန်ရှိသူများနှင့်အတူ စုပေါင်းစိုက်ပျိုးသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လပ္ပတာ - ကျောက်ဖျာလေး - သုံးခွ - အုတ်တွင်း - ထိပ်စွန်းလမ်းနှင့် သင်္ကန်းကုန်း - သက္ကာယ်သောင်ကြား ကျေးရွာခြင်းဆက်လမ်း ပျက်စီးနေမှုများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု့စစ်ဆေးကာ ဒေသတွင်းလမ်းပန်းဆက်သွယ်သွားလာနိုင်မှုများ စစ်ဆေးပြီး တာဝန်ရှိသူများထံ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် သင်္ကန်းကုန်းကျေးရွာ တောင်သူဦးစိုးမြင့်၏ လယ်မြေ(၅)ဧကတွင် (ကျားပြန်) ပေါ်ဆန်းမျိုးစပါးအား Drum Seeder ဖြင့် စိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှု့အားပေးကာ လယ်မြေများ၏ အောင်မြင်မှုအခြေအနေများ ကြည့်ရှု့စစ်ဆေးပြီး ရိုးပြတ်ကျန် ဖော်ထုတ်စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)