ရွှေဘို စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် လူမှူဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေများပြဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ကလေး၏ အဓိပ္ပါယ်၊ ကလေးသူငယ်အခွင့်အရေးနှင့် သက်ဆိုင်သည့်ဥပဒေ၊ နည်းဥပေ၊ ပြစ်ဒဏ်များကို ဒေသခံပြည်သူများကလေးသူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့် အခွင့်အရေးများ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများ ထောက်ပံ့ပေးနေမှုများ စသည်တို့ကို့ဆွေးနွေးပြောကြားခဲ့သည်။
အေးမြင့်စန်း
ခရိုင်(ပြန်/ဆက်)