ငဖဲမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ငဖဲ စက်တင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက်ရှိ ဝိဟာရရာမ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်၊ ဒုရဲတပ်ဖွဲ့မှူး ဒုရဲမှူး လေးလှိုင်နှင့် မြို့မရဲစခန်းမှူး ဒုရဲမှူး ဇော်ဝင်းတို့ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့မိသားစုဝင်များက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အဆိုပါဘုန်းကြီး ကျောင်းဝင်းအတွင်း၌ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)