မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ တွေ့ဆုံဆွေးနွေး

ပန်းတနော် စက်တင်ဘာ ၂၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေးနှင့်အဖွဲ့မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုဂရုဏာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (MFRC myanmar)မှ ဌာနေကိုယ်စားလှယ်များသည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ မြို့နယ်ကြက်ခြေနီအသင်းသား၊ အသင်းသူများနှင့် တွေ့ဆုံခဲ့သည်။

မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ၊ စာသင်ကျောင်းများတွင် ရှေးဦးသူနာပြုစုနည်း သင်တန်းများ ဖွင့်လှစ်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် စီမံဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကူညီပံ့ပိုးမှုရယူရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်သူအောင်(ပြန်/ ဆက်)