နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ (၄.၅)ပေ ရေကျော်ကျ

နတ်မောက်  စက်တင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက် ၉ နာရီတွင် ဆည်ရေတိုင်းထွာချက်အရ ရေပြည့်အမှတ်ထက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်ရေလှောင်တမံ၏  ရေပြည့်အမှတ်သည် (၆၈၃)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၈၇ ဒဿမ ၅)ပေရှိသည့်အတွက် ရေပိုလွှဲမှ  (၄ ဒဿမ ၅)ပေ ရေကျော်ကျလျက်ရှိပြီး  ဆည်၏ဆက်စပ်အဆောက်အုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိပ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်း ချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အချိန်နှင့်တစ်ပြေးညီအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ရှိသူထံက သိရသည်။

လှဝင်း