မြောင်းမြမြို့တွင် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၄/ဧရာ) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြောင်းမြ  စက်တင်ဘာ  ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် နွားမေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၃/၂၀၂၄/ဧရာ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး Dr.ဖြူဖြူဝင်းက မြောင်းမြ ခရိုင်အတွင်း နို့စားနွား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား မြောင်းမြခရိုင် ဒုတိယအုပ်ချုပ် ရေးမှူး ဦးရဲထွန်းအောင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ ဆရာ (၅) ဦးတို့က တိရစ္ဆာန်ကျန်းမာရေးလုပ်သား (၂၂) ဦးတို့အား စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့အထိ အနီးကပ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)