ငါးသိုင်းချောင်းမြို့ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်

ငါးသိုင်းချောင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီက စာပေချစ်သူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club)၊ အမျိုးသမီးအသင်း (Women Club)တို့  ပူးပေါင်း၍ စာရေးဆရာ ဖေမြင့် ရေးသားသည့် အပြောင်မြောက်ဆုံးဘဝ တစ်ခုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်မာလာအောင်က လူငယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊စာပေမှတစ်ဆင့် အသိပညာဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်(Book Club)အဖွဲ့ဝင် ဦးအောင်ဝင်းက အခွင့်အရေးဆိုသည်မှာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးမြင့်ဆွေက အလုပ်ကိုမကြောက်သည့်စိတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မောင်ဥာဏ်ဦးလွင်က အောင်မြင်ရမည်ဟူသောစိတ်ဓာတ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊လူရွယ်များ စာဖတ်သည့် အလေ့အကျင့် ရှိလာစေရန်၊ စာပေမှ ရရှိသည့် အသိပညာဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)