ကျောက်တံခါးမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

ကျောက်တံခါး      စက်တင်ဘာ     ၂၀

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် Book  Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရသည့်ရည်ရွယ်ချက်ကိုပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်မာမာဝင်းက "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ "ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်ပြီး အ.ထ.က(အနောက်ရပ်)ကျောင်းမှ မပြည့်သျှန်ငြိမ်းက "လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ"၊   မအေးမြတ်မွန်က "ပညာတတ်ဖို့စာဖတ်ရမည်"၊ မအိမ့်မှူးဇင်က "သူတို့ပြောတဲ့မြန်မာအကြောင်း"စသည့်ခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်များအနေဖြင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန် မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနနှင့် စာပေချစ်သူ(Book Club) အဖွဲ့ဝင်များပူးပေါင်း၍ လူငယ်များအား အသိပညာပေးနှိုးဆော်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)