ထန်းတပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ယာယီရေဘေးရှောင်ပြည်သူများအား အဝတ်အထည်၊ ငွေနှင့် ဆန်များထောက်ပံ့ပေး

ထန်းတပင်(ပဲခူး)  စက်တင်ဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် စစ်တောင်း မြစ်ရေမြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုဖြစ်သော အောင်ချမ်းသာ ရပ်ကွက်အတွင်းရှိ ယာယီရေဘေးရှောင်ပြည်သူများအား ယနေ့နံနက် ၁၀ နာရီအချိန်က  အဝတ်အထည်၊  ငွေနှင့်ဆန်များ ထောက်ပံ့ပေးခဲ့သည်။

အဆိုပါ ရေဘေးရှောင်ပြည်သူများအား သထုံမြို့နေ ဦးသိန်းဇော်နှင့် ဒေါ်သီတာတို့ဦးဆောင်၍ အလံတရာအဖွဲ့မှ တစ်အိမ်ထောင်လျှင် ငွေ (၅၀၀၀) ကျပ်၊ ဆန် (၁)ပြည်နှင့် အဝတ်အထည် (၁၆၀)အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများနှင့် ပူး ပေါင်း၍ ယာယီရေဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)