သဲကုန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သဲကုန်း စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသငကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များမဖြစ်ပေါ်စေရေးအတွက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က သဲကုန်းမြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ လေပြင်းဘေးများကြောင့် ပျက်စီးဆုံးရှုံးမှုများလျော့ချနိုင်ရေးလိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ သတိပြုရှောင်ရှားသင့်သည့်အချက်များ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ယာဥ်စက်ယန္တရားများအဆင်သင့်ထားရှိရန်၊ မုန်တိုင်းကျရောက်ပြီးပါက ပြန်လည်နေရာချထားရန်အ​ဆောက်အဦများပြင်ဆင်ထားရှိရန်၊ နိုင်ငံတော်အစိုးရမှထုတ်ပြန်ကြေညာသော မုန်တိုင်းဘေးအန္တရာယ်သတင်းများကို အစဉ်မပြတ်ကြည့်ရှုနားထောင်ကြရန်လိုအပ်ပါကြောင်း အသိပညာပေးဟောပြောခဲ့ပြီး သက်ဆိုင်ရာမြို့အုပ်ချုပ်ရေးမှူးများ၊   မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးကူညီ​ရေးအသင်းအဖွဲ့များ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)