ကြံခင်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူများစာဖတ်ခြင်းဖြင့် ဗဟုသုတရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယနေ့နံနက်(၁၀)နာရီအချိန်က သုတ/ရသစာပေမျိုးစုံ လွယ်ကူစွာဖတ်ရှူနိုင်ရန် ( Mobile Library)စနစ်ဖြင့် စာအုပ်များ(အခမဲ့) ကွင်းဆင်းဌားရမ်းပေးကြသည်။
ထိုသို့(Mobile Library) စနစ်ဖြင့် (အခမဲ့) ကွင်းဆင်းဌားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းနှင့် ဝန်ထမ်းများက မြို့နယ်လူမှုဖူလုံရေးရုံးနှင့် မြို့နယ်စီမံကိန်းရုံးများရှိ ဝန်ထမ်းများအား သုတ/ရသစာပေမျိုးစုံကို အလွယ်တကူ ဌားရမ်းဖတ်ရှုနိုင်ရေးအတွက် (အခမဲ့)ကွင်းဆင်း စာအုပ်ဌားရမ်းပေးကြောင်း သိရသည်။
ထိုသို့ (Mobile Library) စနစ်ဖြင့် စာအုပ်များဌားရမ်းပေးရာတွင် စာကြည့်တိုက်မှ သတ်မှတ်စည်းကမ်းချက်နှင့်အညီ အသင်းဝင်ကတ်များ (အခမဲ့)ပြုလုပ်ပေးခြင်း၊ စာအုပ်တစ်အုပ်လျှင်(၇)ရက်ကြာ ဌားရမ်းပေးခြင်း၊ အဆိုပါစာအုပ်များကို (အပတ်စဉ်) အသစ်ဖတ်ရှုနိုင်စေရန် လဲလှယ်ဌားရမ်းပေးမှာဖြစ်ကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)