ပြည် စက်တင်ဘာ ၂၀
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ "ဆုံစည်းရာ"စာဖတ်ဝိုင်း(Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက အဖွင့်စကားပြောကြားပြီး "စာဖတ်ရှိန်မြှင့်တင်ရေး"ခေါင်းစဥ်ဖြင့် စာရေးဆရာလေးဘုန်း(ပြည်)၊ စာရေးဆရာကနောင်နိုင်နွယ်ဦး၊ စာရေးဆရာဦးသိန်းဝင်း၊ စာရေးဆရာမောင်ထွဋ်ကောင်း၊ စာရေးဆရာမောင်ထက်ရှား၊ စာရေးဆရာမောင်နေခြည်၊ စာရေးဆရာလေးနိုင်(ရွှေသိုင်း)တို့ကဦးဆောင်၍ ဆုံစည်းရာစာဖတ်ဝိုင်း (Book Club)အဖွဲ့တို့ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကိုစိုး(ပြည်)