ဟင်္သာတ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ နွားမေထုန်မဲ့ သားစပ်သင်တန်းအမှတ်စဥ် (၄/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှ ယခုလို သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် မှာကြားချက်နှင့်အညီ တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်နို့စားနွားများ၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်ထွန်းကားလာစေရန် ရည်ရွယ်ကြောင်း၊ အသားထုတ်လုပ်မှုကဏ္ဍ မြှင့်တင်ရေး၊ စားသုံးမှုဖူလုံစေရေးနှင့် လူမှုဘဝဖွံဖြိုးတိုးတက်ရေးတို့အတွက် တိရစ္ဆာန်မျိုးကောင်း၊ မျိုးသန့်များ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၊ မေထုန်မဲ့သားစပ်ကျွမ်းကျင်လုပ်သားများ လိုအပ်ကြောင်းတို့အား အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ ဒေါ်မိုးမိုးခိုင်နှင့် မြို့နယ်မွေး/ကုဦးစီးမှူး ဒေါက်တာယုနန္ဒာအောင်တို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် တိုင်းဒေသကြီးအတွင်းနှင့် ဟင်္သာတခရိုင် အခြေပြုသင်တန်းဖွင့်လှစ်ခဲ့မှုတို့အား power point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများက အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများက နွားမေထုန်မဲ့သားစပ်နည်း လက်တွေ့အသုံးချပြုလုပ်သည့် ကိရိယာများနှင့် သင်တန်းဖွင့်လှစ်ခဲ့မှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ တိုင်းဒေသကြီး မွေး/ကုဦးစီးမှူး ဒေါက်တာ မိုးမိုးခိုင်နှင့် တာဝန်ရှိသူများ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် မွေး/ကု ဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား(၂၈) ဦးတို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)