ဆိပ်ဖြူမြို့နယ် သံဇလုံကျေးရွာ အ.လ.က(ခွဲ)ကျောင်းတွင် စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဆိပ်ဖြူ စက်တင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် သံဇလုံကျေးရွာ အ.လ.က(ခွဲ)ကျောင်းတွင် ယမန်နေ့ နေ့လည်ပိုင်းက စားသုံးသူရေးရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စားသုံးသူရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးဇော်နေလင်းက စားသုံးသူတာဝန်များ စားသုံးသူအခွင့်အရေးများနှင့် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့်ညီညွှတ်သည့် အစားအသောက်များ ရွေးချယ်စားသောက်တတ်စေရေးနှင့် စားသောက်ကုန်ပစ္စည်းများတွင်ပါဝင်သည့် ကုန်ညွှန်းအမှတ်အသားများအကြောင်းကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၁၂၀) ဦး တက်ရောက်ကြောင်း သိရှိရသည်။

ညွန့်နန္ဒာတင်