ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာသင်တန်း(၅/ ၂၀၂၄)ဆင်းပွဲကျင်းပ

ရွှေဘို စက်တင်ဘာ  ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ကြီးကြပ်မှုနှင့်အတူ ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း(၅/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်​အေးမြမွန်ကကွန်ပျူတာပညာရပ်သည် အလွန်အရေးပါသည့် ပညာရပ်ဖြစ်ပြီး မိမိတို့၏ ရုံးဌာနလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လျင်မြန်ပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ကြမှာဖြစ်ကြောင်း၊ သင်တန်းသား/သင်တန်းသူများ အနေဖြင့် သင်တန်းပြီးဆုံးသည့်အခါမှာလည်း စဥ်ဆက်မပြတ် လေ့လာသင်ယူလိုကြောင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာအား အမှတ်တရဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ရာ နည်းပြဆရာနှင့် သင်တန်းသားတစ်ဦးတို့က လက်ခံရယူခဲ့ကြသည်။

ထို့​နောက်သင်တန်းသားတစ်ဦးက ​ကျေးဇူးတင်စကား​ပြောကြားခဲ့ပြီးစု​ပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့သည်။ အဆိုပါသင်တန်းကို တစ်လကြာသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ သင်တန်း သား/သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)