ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာအခြေခံသင်တန်း (၅/၂၀၂၄)ဆင်းပွဲ အခမ်းအနားကျင်းပ

ကလေး စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၅/၂၀၂၄)ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဖွင့်လှစ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များ၊ ဆက်လက်ဖွင့်လှစ်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကွန်ပျူတာသင်တန်းကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက သင်တန်းဆရာနှင့် သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုမှတ်တမ်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ် ၂၃ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း သင်တန်းသား၊ သင်တန်းသူ (၁၀) ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)