သရက် စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြောက်မင်းတည်းရပ်ကွက်၊ တောင်မင်းတည်းရပ်ကွက်နှင့် လေးတိုင်စဉ်ရပ်ကွက်၊ ထုံးတောင်ကျေးရွာ၊ သဲတောကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများစုပေါင်း၍ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ပြည်သူများအနေဖြင့် မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် ရေကြီးခြင်းဖြစ်ပွားပြီးနောက် ပြည်သူများအနေဖြင့် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် H0t-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပါကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)