ကျောက်တံခါး စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၇ ရက်နေ့က မြို့နယ်စည်ပင်သာယာခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေလင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ(၁)ရက်မှ (၁၅)ရက်ထိ တစ်အိမ်တက်ဆင်းကောက်ယူရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများကို ရရှိမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်တံခါးမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဉာဏ်ဝေခန့်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သင်တန်းသားများအား သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အသုံးပြုမည့် ပစ္စည်းများအား ပေးအပ်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁၈၈)ဦးတက်ရောက်ပြီး နည်းပြ(၁၃)ဦးက စက်တင်ဘာလ(၁၇)ရက်မှ (၂၈)ရက်ထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)