ပေါင်းတည် စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုရေးအသင်းအဖွဲ့များက သဘာဝဘေးအန္တရာယ်ရေဘေးသင့်ဒေသများအတွက် ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် ဂီတဝါသနာရှင်များကဦးဆောင်၍ ပေါင်းတည်မြို့၊ စျေး(၂ )ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် အပျော်တမ်းတေးဂီတအဖွဲ့ဖြင့် တေးသီချင်းများဖျော်ဖြေကာ ရေဘေးကူညီရေးအလှူခံဌာန ဖွင့်လှစ်ထားလျက်ရှိပြီး ကြက်ခြေနီတပ်ဖွဲ့နှင့်လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား စာနာထောက်ထားသောအားဖြင့် ပြည်သူများက လှူဒါန်းလျက်ရှိပြီး ထိုလှူဒါန်းရရှိမှုများကို ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းကူညီသွားမည်ဖြစ်ကြောင်း ပေါင်းတည်မြို့၊ ကရုဏာရှင်အသင်းတာဝန်ခံတစ်ဦးထံမှ သိရသည်။
ရွှေသား (ပြန်/ဆက်)