ပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီနှင့်ကြက်သွန်နီများအား ရောင်းချပေး

ကန့်ဘလူ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ပြည်သူများ ဆန်၊ စားသုံးဆီနှင့် ကြက်သွန်နီများကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ ယနေ့နံနက် (၉) နာရီက ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ပြည်သူများ သက်သာချောင်ချိစေရန်နှင့် သက်သာသောနှုန်းထားဖြင့် စားသောက်ကုန်များကို စနစ်တကျ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ရပ်ကွက်အတွင်းရှိ အိမ် ထောင်စုများအတွက် တစ်အိမ်ထောင်လျှင် စားအုန်းဆီ ၅၀ ကျပ်သားလျှင် ၃၇၅၀ နှုန်း၊ ဆန် တစ်ပြည်လျှင် ကျပ် ၂၅၀၀ နှုန်းနှင့်ကြက်သွန်နီ တစ်ပိဿာလျှင် ၁၇၀၀ ကျပ်နှုန်းတို့ဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ်ဆီလုပ်ငန်းရှင်အသင်းတို့က ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိကြောင်းနှင့် ကျန်ရပ်ကွက်များဖြစ်သည့် အမှတ်( ၁/၃/၄/၅)တို့တွင်လည်း ရောင်းချပေးကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)