နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် မူလတန်းအဆင့် ပုံပြင်ပြောခြင်းအစီအစဉ်ပြုလုပ်

နတ်မောက် စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် မူလတန်းအဆင့်  ကျောင်းသား/သူများဖြင့် ယမန်နေ့က ပုံပြင်ပြောခြင်း ပြုလုပ်ခဲ့သည်။

အဆိုပါ ပုံပြောခြင်းအစီအစဉ်တွင် ဒေါ်ဝင်းမေထွန်း (စာထောက်-၃)က ကျောင်းသား/သူများ အားလပ်သည့် အချိန်များ၌ စာကြည့်တိုက်သို့ ဝင်ထွက်သွားလာနိုင်ပြီး ဗဟုသုတရ ဖွယ် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ပြောကြား၍ မြန်မာ့ရိုးရာပုံပြင်များထဲမှ ကိုလင်းသရုပ်ဖော် ရေးသားထားသည့် “အိမ်နောက်ဖေးဈေးဆိုင်တည်” ရုပ်ပြပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းပြုလုပ်ကာ ကျောင်းသား/သူများအား ပြန်လည်ဆွေးနွေးမှုများ ပြလုပ်ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ကြစေရန်ရည်ရွယ်၍ အားလပ်သည့်အချိန်များတွင် ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ဉာဏ်စမ်းမဟေဠိပြိုင်ပွဲများ ပြလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

မူမူစန်း