ဇလွန်မြို့နယ် စာရေးဆရာအသင်း အမှု​ဆောင်ကော်မတီအစည်းအဝေးပြုလုပ်

ဇလွန် စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်း အမှု​ဆောင်ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး ဇလွန်ကိုရွှေစိန်ဆင့်က မြန်မာနိုင်ငံစာရေးဆရာအသင်းတတိယအကြိမ် စာ​ပေညီလာခံတက်ရောက်မှု အတွေ့အကြုံအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်စာရေးဆရာအသင်းမှ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စများ၊  တိုင်းဒေသကြီးအဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ဝါသနာရှင် ဒုတိယတန်းအရေးပြိုင်ပွဲတွင် တတိယဆုရရှိသော စာရေးဆရာအား ဂုဏ်ပြုပွဲပြုလုပ်မည့် အကြောင်းအရာများကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်ကို ကြည့်ရူ့အားပေးခဲ့ကြသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)