မင်းလှမြို့၌ ဂါလံ(၁၀၀၀၀၀)ဆံ့ ရေစစ်ကန်လုပ်ငန်းဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး

အထက်မင်းလှ စက်တင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် မြို့နယ်ခန်းမဝန်းအတွင်း မူလမြစ်ရေတင်ရေစက်ရုံအမှတ်(၁)အနီးတွင် ဂါလံ(၁၀၀၀၀၀) ဆံ့ ရေစစ်ကန်ဆောက်လုပ်ခြင်း ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်‌ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့အဖွဲ့မှ စက်တင်ဘာ ၁၇ ရက်နေ့ နံနက်(၁၀)နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းလှမြို့၌ ဂါလံ(၁၀၀၀၀၀)ဆံ့ ရေစစ်ကန်ဆောက်လုပ်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် ရေစစ်ကန်အလျား(၇၆)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၀)ပေ ဆောက်လုပ်ခြင်း (၁:၂:၄) ကွန်ကရစ်ကြမ်းခင်းလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု‌များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အရည်အ‌သွေးစစ်ဆေးရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ  ဒေါ်နွယ်နွယ်အေးနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်းတို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဂါလံ(၁၀၀၀၀၀)ဆံ့ ရေစစ်ကန်ဆောက်လုပ်ခြင်းလုပ်ငန်း (၇၆'×၃၀'×၁၀')အား တည်ဆောက်ပြီးစီးပါက မြို့ပေါ်ရှိ ရုံးရပ်ကွက်တောင်ပိုင်းနှင့် ရုံးရပ်ကွက်မြောက်ပိုင်းရပ်ကွက်များမှ ပြည်သူ(၇၀၀)ဦးခန့်မှာ သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)