သာယာဝတီ စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ နွားမေထုန်မဲ့သားစပ်သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင်းဗိုလ်က နို့စားနွားမျိုးကောင်းမျိုးသန့်ရရှိစေရေးနှင့် သားစပ်ကျွမ်းကျင်သော တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ရရှိရေးတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သာယာဝတီခရိုင် စီမံခန့်ခွဲမူအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းသားများကို အားပေးစကားပြောကြားပြီး မေထုန်မဲ့သားစပ်လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်လှစ်ခြင်းအားဖြင့် နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းနို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုမြင့်မားလာစေရေးနှင့် ပြည်ပမှနို့နှင့်နို့ထွက်ပစ္စည်းများ တင်သွင်းခြင်းများ လျှော့ချနိုင်ရေး၊ စနစ်တကျဆောင်ရွက်နိုင်သည့် သားစပ်ကျွမ်းကျင်သူအရေအတွက် တိုးပွားလာစေရန်နှင့် မေထုန်မဲ့သားစပ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာနိုင်ရန် စသည့်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ပြီး သင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖိုနှင့် ကြို့ပင်ကောက်၊ ဇီးကုန်းမြို့နယ်တို့မှ သင်တန်းသား ၁၀၈ ဦးအား ၄ ကြိမ် သင်ကြားပေးမည်ဖြစ်သည်။
ပထမအကြိမ်အဖြစ် သာယာဝတီမြို့နယ်မှ သင်တန်းသား(၁၈)ဦး၊ လက်ပံတန်းမြို့နယ်မှ သင်တန်းသား(၁၈)ဦး စုစုပေါင်းသင်တန်းသား (၃၆)ဦးကို စက်တင်ဘာလ (၁၈)ရက်မှ (၂၂)ရက်နေ့အထိ သင်တန်းကာလ (၅)ရက်ကြာ၊ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)