လေးမျက်နှာ စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆိုင်က နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန်ဖြစ်ကြောင်း သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဦးစီးဌာနဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့်ဆက်စပ်ပစ္စည်းများ သင်တန်းလမ်းညွှန်စာအုပ်များကို သင်တန်းသားများကိုယ်စား သင်တန်းခေါင်းဆောင်အား ပေးအပ်ခဲ့သည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ မြို့မိ မြို့ဖများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
အခမ်းအနားသို့ မြို့နယ်သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးသက်ကို(ပြန်/ဆက်)