ကြံခင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းအိမ်ထောင်စု(၄)စုနှင့် ရေနစ်သေဆုံးသူတစ်ဦးအတွက်  ထောက်ပံ့ငွေများပေးအပ်

ကြံခင်း စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းအိမ်ထောင်စု(၄)စုနှင့် ရေနစ်သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရခြင်းမှာ စက်တင်ဘာလ(၁၀)ရက်နေ့တွင် မိုးရွာသွန်းပြီး မြစ်ရေများသဖြင့်  ကမ်းပါးဘေးတွင်နေထိုင်သော အိမ်ထောင်စု(၄)စုနှင့် စက်တင်ဘာလ(၁၂)ရက်နေ့က နေအိမ်အတွင်း တောင်ကျချောင်းရေများ ဝင်ရောက်သဖြင့်  ရေနစ်သေဆုံးသူ ကလေးငယ်တစ်ဦးအတွက်   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ထောက်ပံ့သော  ကယ်ဆယ်ရေးရန်ပုံငွေအား သောကြာဒူးကျေးရွာအုပ်စုတွင် ကမ်းပြိုရွှေ့ပြောင်းသော ကျောင်းကုန်းကျေးရွာရှိ အိမ်ထောင်စု(၃)စုအားငွေကျပ်(၃၂၁၀၀ဝိ/)နှင့် ကရင်စုကျေးရွာရှိ အိမ်ထောင်စု(၁)စုအတွက် ငွေကျပ်(၁၁၀၅၀ဝိ/)အားလည်းကောင်း၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ  ရေနစ်သေဆုံးသူ ကလေးငယ်အတွက် ငွေကျပ်(၃၀၀၀၀ဝိ/)အား    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က    သက်ဆိုင်ရာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)