စစ်ကိုင်းမြို့တွင် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၁၇

စစ်ကိုင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ ဦးမျိုးအောင်က မဲစာရင်းပြုစုရာတွင် အရေးကြီးသည့် ကိန်းဂဏန်း အချက်အလက်မှန်ကန်စေရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းမှ ရရှိသည့် လူဦးရေ စာရင်းသည် မှန်ကန်သည့်မဲစာရင်းပြုစုရန်အတွက် အထောက်အကူပြုသည့် လုပ်ငန်းဖြစ် ၍ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို (၁-၁၀-၂၀၂၄)ရက်နေ့မှ (၁၅-၁၀-၂၀၂၄) ရက်နေ့အထိ (၁၅)ရက်ကြာ ကောက်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်ကြမည့် စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့်လည်း သတ်မှတ် ထားသည့် သန်းခေါင်စာရင်းမေးခွန်းများကို သတ်မှတ်ပုံစံအတိုင်း မြေပြင်ကောက်ယူရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းမှသင်ကြားပေးမှုများကို ကြိုးစားသင်ယူသွာကြစေလိုကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက စာရင်းစစ်၊ စာရင်းကောက် ခန့်အပ်လွှာများပေးအပ်ရာ သင်တန်းသား/ သင်တန်းသူများက လက်ခံပေးသည်။

အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သော စစ်ကိုင်းမြို့နယ်မှ ဆရာ/ ဆရာမ(၆)ဦးတို့မှ ပြန်လည်ပို့ချပေးသွားမှာဖြစ်ပြီး မြို့နယ်အဆင့် သင်တန်း သား/ သင်တန်းသူ (၁၃၂)ဦး တက်ရောက်ကြကာ (၁၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်