ကြံခင်း စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ကျောင်းဝန်းအတွင်း ရေဝင်ရောက်သဖြင့် ယာယီပိတ်ထားသော အခြေခံပညာကျောင်း(၉) ကျောင်းအား ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စက်တင်ဘာလ(၁၂)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ကျောင်းများအတွင်းသို့ ရေဝင်ရောက်သဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ (အ.ထ.က)ဘက်ရဲ၊ (အ.ထ.က-ခွဲ)ချောင်းခွ၊ (အ.မ.က)ငှက်ပျောတော၊ (အ.မ.က)ကိုးအင်း၊ (အ.မ.က)ကွမ်းအစ်ကုန်း၊ (အ.မ.က)သရက်စမ်း၊ (အ.မ.က)ငါးပိစု၊ (အ.မ.က)လက်ပံတိုက်နှင့် (အ.မ.က)ကျုံးစုကျောင်းတို့အား ယာယီ ပိတ်ထားရာမှ ရေကျသွားသဖြင့် ကျောင်းတွင်း/ပြင်သန့်ရှင်းရေးများ ပြုလုပ်ကာ ပြန်လည် ဖွင့်လှစ်ကြောင်း သိရသည်။
မိုးရေဝင်ရောက်မှုကြောင့် ကျောင်းသား/သူများနှင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိပါကြောင်းနှင့် ယာယီပိတ်ထားသောကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)