မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် စတင်ရောင်းချပေး

မြန်အောင် စက်တင်ဘာ ၁၇

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြန်အောင်မြို့ အမှတ်(၁) ရပ်ကွက်တွင် အိမ်ထောင်စု(၈၄၆)စုတို့အား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ယနေ့စတင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ 

စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားအုန်းဆီဝယ်ယူခွင့် စာအုပ်တစ်အုပ်  (၅၀) ကျပ်သားနှုန်း၊ တစ်လလျှင်  စားအုန်းဆီတစ်ပိသာငါးဆယ်ကျပ်သား ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စု(၈၄၆)စုတို့အား စားအုန်းဆီ ဝယ်ယူခွင့်စာအုပ်ဖြင့် ယနေ့စတင်ရောင်းချပေးနေမှုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)