၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နတ်တလင်း စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသားများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

ဦးစွာ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦးမှ အဖွင့်အမှာစကားပြောကြား၍ သင်တန်းမိတ်ဆက်ပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်မှ မြို့ပေါ်ရပ်ကွက်များရှိ စာရင်းစစ်/စာရင်းကောက်သင်တန်းသားများအား သင်တန်းခန့်အပ်လွှာပေးအပ်ခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းမြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဒေါ်သက်သက်ထွန်းက ကျေးရွာအုပ်စုများရှိ စာရင်းစစ်/စာရင်းကောက်သင်တန်းသားများအား သင်တန်းခန့်အပ်လွှာပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းအား သင်တန်းနည်းပြ (၁၃)ဦး၊ သင်တန်းသား (၁၆၇)ဦးတက်ရောက်ပြီး  စက်တင်ဘာ (၁၇) ရက်နေ့မှ (၂၈) ရက်နေထိ (၁၀)ရက်ကြာသင်ကြားပို့ချပေးမည်ဖြစ်ပြီး နတ်တလင်းမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု (၈၄)အုပ်စုတွင် ကောက်ကွက်ပေါင်း (၄၇၈)ကွက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နတ်တလင်းမြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)