သရက်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ် /စာရင်းကောက်သင်တန်းဖွင့်လှစ်

သရက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ခရိုင်ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းနားတွင် မြို့နယ်အဆင့် သန်ခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေးက အဖွင့်အမှာစကားပြောကြားရာမှာ သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေဆိုင်ရာအကြောင်းအရာနှင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် နိုင်ငံအတွက် အထောက်အကူပြုမည့် အချက်အလက်အကြောင်းအရာများကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတခုခုအတွင်း၌ရှိသည့် လူတိုင်းကို တကြိမ်တည်း တပြိုင်တည်း မထပ်မကျန်ရရှိအောင် ကောက်ယူသည့် လုပ်ငန်းဖြစ်သည့်ဟု ပြောကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်ဝင်းက သန်းခေါင်စာရင်းဆိုင်များ ပြောကြားပေးခဲ့ပြီး သင်တန်းနည်းပြများမှ တစ်ဦးချင်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)