မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ

မြောင်းမြ  စက်တင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယမန်နေ့နံနက်(၁၀း၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးထွန်းငြိမ်းနှင့် ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးမန်းသိန်းကျော်တို့က သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြောင်းမြခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစန်းဌေးက ရပ်/ကျေး စာရေးဝန်ထမ်းများအား သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် ဆက်စပ် ပစ္စည်းများပေးအပ်ခဲ့ပြီး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်က ကရင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့အား အထောက်အကူပြုပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။

 အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်/ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)