သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၃၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်း၊ အလှူငွေပေးအပ်ခြင်းနှင့် ၈/၂၀၂၄ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သရက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာန၏ အကြိမ်(၃၀၀)ပြည့် ကျောက်ကပ်သွေးသန့်စင်ခြင်း၊ အလှူငွေပေးအပ်ခြင်းနှင့် (၈/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၃)နာရီက ခရိုင်ပြည်သူ့ဆးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်ပြည်သူ့ဆေးရုံ ကျောက်ကပ်သွေးသန့်စင်ဌာနကို နိုဝင်ဘာ (၂၁)ရက် ၂၀၂၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့တဲ့ဖြစ်ပြီး ယနေ့ဆိုလျှင် အကြိမ်(၃၀၀)ပြည့်မြောက်သည်ဟု သိရပါသည်။ ကျောက်ကပ်သွေးသန့်စင်ဌာနတွင် ကျောက်ကပ်ဆေးစက်(၂)လုံး၊ ရေသန့်စက်(၁)လုံးတို့ရှိပြီး အထူးကုဆရာဝန်(ဆေးပညာ)အပါအဝင် ကျန်းမာရေးဝန်ထမ်း(၅)ဦးတို့ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက် သရက်ခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ညွန့်ရွှေအောင်က အကြိမ်(၃၀၀)ပြည့် မြောက်သည်အထိ အောင်မြင်စွာ ကျောက်ကပ်သွေးသန့်စင်နိုင်ခဲ့ခြင်းနှင့် ရှေ့လုပ်ငန်းစင်များအား ရှင်းလင်းပေးခဲ့ပြီး အထက်တန်းသူနာပြုဆရာမ ဒေါ်ဝေဖြာအောင်က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစင်မျာအား ရှင်းလင်းတင်ပြခဲ့ကာ ကော်မတီဝင်များမှ တင်ပြဆွေးနွေးပေးခဲ့သည်။ ယင်းနောက် သရက်ခရိုင် ပြည်သူ့ဆေးရုံကျောက်ကပ်သွေးသန့်စင်ဌာနအတွက် အလှူရှင်များက အလှူငွေများ ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)