မအူပင် စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့်နည်းပြ သင်တန်းဆင်းပွဲအခမ်းအနားအား ယမန်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး သန်းခေါင်စာရင်းသီချင်းဖြင့် TV Spots ပြသခြင်းများ ဆောင်ရွက်သည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်အဆင့် သင်တန်းနည်းပြခန့်အပ်လွှာများ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းအား မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်ကျောင်းများမှ ဆရာ၊ ဆရာမ (၄၈)ဦးအား နံနက်(၉)နာရီမှ ညနေ (၄)နာရီထိ စက်တင်ဘာလ (၃)ရက် နေ့မှ စက်တင်ဘာလ (၁၄) ရက်နေ့ထိ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)