မင်းဘူး စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က မင်းဘူးမြို့၊ စကုမြို့နှင့် ကျေးရွာ (၂) ရွာတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့လိုက်လံနှိုးဆော်ဆောင်ရွက်ရာတွင် မင်းဘူးမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက မိုးရာသီကာလ၌ မိုးသည်းထန်စွာ ရွာသွန်းသည့်အချိန်ခါတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ၊ ရေကြီးရေလျှံမှု မဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို မြို့ပေါ်ရပ်ကွက်များနှင့် စကုမြို့အပြင် ကျောက်တန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာများသို့လည်း လိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)