ညောင်လေးပင် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ညောင်လေးပင်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာသည့်အချက်အလက် မှန်ကန်မှသာ နိုင်ငံရဲ့ ကဏ္ဍအလိုက် ဖွံဖြိုးတိုးတတ်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက မြို့နယ်အဆင့် သင်တန်းနည်းပြခန့်အပ်လွှာများကို ပေးအပ်ခဲ့ရာ သင်တန်းသားခေါင်းဆောင်များက လက်ခံရယူခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ မြိုနယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ လူမူရေးအဖွဲ့အစည်းများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား သင်တန်းသူ စုစုပေါင်း(၁၁၅)ဦး တက်ရောက်ခဲ့ကြပြီး ခရိုင်အဆင့်နည်းပြသင်တန်းကို စက်တင်ဘာ ၃ ရက်မှ ၁၄ရက်နေ့ထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)