တောင်တွင်းကြီးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်သန်းခေါင်းစာရင်းကော်မတီဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင် စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဟိန်းဇော်မင်းက သန်းခေါင်စာရင်း၏ အဓိပ္ပာယ်၊ သန်းခေါင်စာရင်းကောက်ယူခဲ့မှုသမိုင်းများ၊ လူဦးရေ၏အခန်းကဏ္ဍ၊ လူဦးရေအချက်အလက်ရင်းမြစ်များ၊ လူဦးရေဆိုင်ရာအညွှန်းကိန်း၊ လူဦးရေပိရမစ်များ၊ လူဦးရေတိုးနှုန်းများ၊ ပညာရေးဆိုင်ရာအညွှန်းကိန်းများ၊ စာတက်မြောက်မှု၊ ကျောင်းတက်သူရာခိုင်နှုန်း၊ လူသားအင်အားဆိုင်ရာအညွှန်းကိန်း၊ ၂၀၁၄ သန်းခေါင် စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းကောက်ယူရခြင်း၏ အခြေခံအချက်အလက်များ၊ သန်းခေါင်စာရင်းထည့်ကောက်ရမည့်သူများ/ ထည့်မကောက်ရမည့်သူများနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ သိကောင်းစရာ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြို့နယ်သန်းခေါင်းစာရင်းကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား မြို့နယ်လ.ဝ.ကဝန်ထမ်းများက လက်ကမ်းစာစောင်များနှင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ